The Hunger Games: Catching Fire (2013)

Genre: Action, Adventure, Sci-Fi
Download 24132

The Hunger Games: Catching Fire

ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့

၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက်

သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။

ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။

 

အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့

မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင်

နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့

ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။

ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့

ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။

တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ

ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို

ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။

ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။

အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။

နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ

သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့့်ပေးနိုင်တာမဟုတ်တာကြောင့်

ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။

ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။

ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက်

ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်

။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို

ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ

ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။

ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက်

ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့

ဘယ်လိုတွေရင်ဆိုင်ပြီးတော့

ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။