The Land Before Time 1994

Genre: Adventure, Animation
Downloads 11056K Views

ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေ

အကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော

သူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကို ရိုက်ပြထားတာပါ။

ကာတွန်းကားဆိုပေမယ့် …… ကမ္ဘာဦးတုန်းက ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်တွေ ဒိုင်နိုဆောအမျိုးအစားတစ်ခုစီရဲ့ သဘာဝလေးတွေကိုပါ

သေသေချာချာလေး ထည့်ရိုက်ထားတာမို့ ကလေးလေးတွေရော လူကြီးတွေပါ ကာတွန်းကြည့်ရင်း ဗဟုသုတရစေမှာအမှန်ပါပဲ။ ပြီး

တော့ ဒီကာတွန်းကားလေးမှာ သတိထားမိတာက ကလေးလေးတွေရဲ့ တကယ့် အပြုအမူနဲ့ စိတ်နေစိတ်ထားလေးတွေကို ထည့်ရိုက်ထား

တာပါ။ စိတ်တိုလွယ်တဲ့ကလေး တစ်ခုခုဆို ကြောက်တတ်တဲ့ ကလေး သူများကို သနားတတ်တဲ့ကလေး ဘာမဆို စပ်စပ်စုစု လုပ်တတ်တဲ့

ကလေးတွေ ပြီးတော့ သူတို့ရဲ့ အပြုအမူလေးတွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်လေးတွေကို ပြပေးထားတာက entertainment တင်

မက ကလေးလေးတွေရဲ့ စိတ်နေစိတ်ထားလေးတွေကို ပြုပြင်ဆုံးမရာမှာ တစ်နည်းနည်းနဲ့ အထောက်အကူပေးပါလိမ့်မယ်။

ဒီတော့ အများကြီးတော့ မညွှန်းတော့ပါဘူး ကမ္ဘာဦးတုန်းက ဒိုင်နိုဆောကြီးတွေက ဘယ်လိုနေကြလဲလို့ ကလေးလေး

တစ်ယောက်ယောက်ကများ မေးလာခဲ့ရင် ကျွန်မ ဒီဇာတ်ကားလေးကိုပဲ ပြဖြစ်မယ်ထင်ပါတယ်။ အိမ်မှာ ကလေးရှိတဲ့သူတွေရော

ကာတွန်းကားနှစ်သက်တဲ့သူတွေရော ဒီကာတွန်းကားလေးတွေကို မြည်းစမ်းကြည့်ပါ နောင်တမရစေရဘူးလို့ အာမခံပါတယ်နော်။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။
Load Facebook SDK for JavaScript end -->