The Larva Island Movie(2020)

Genre: Animation
Downloads 27095K Views

flower

The Larva Island Movie(2020)

The Larva Island Larva လို့ဆိုလိုက်တာနဲ့ကျွန်တော်တို့ ၂၀၁၁လောက်က ထွက်တဲ့ အနီရောင်နဲ့အဝါရောင်

ပိုးကောင်လေး၂ကောင်ကိုမြင်မိကြမှာပါ Tom &Jerry ပြီးရင် အရီရဆုံး animated cartoon လို့ပြောရင်မမှားပါဘူး…

ကျွန်တော်တို့ စမြင်ခဲ့တဲ့ Lava ၂ကောင်ဟာမြို့ပြရဲ့ရေဆိုးမြောင်းအောက်လိုနေရာလေးကနေ စရင်းနှီးခဲ့ပါတယ် …

နောက်ပိုင်းseason တွေမှာတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ လူတစ်ယောက်နဲ့အတူပါလာတာတွေ့မိပါတယ် …

 

အခု Larva Island ဟာ Larva season timeline တွေကိုရှေ့သွားနောက်လိုက်ညီအောင်ချုပ်ပေးလိုက်တာပါ…

ဒီmovie လေးကြည့်ရင်နောက်ထွက်တဲ့ series အပိုင်းတွေပါကာမိမယ်ထင်ပါတယ် အခုmovie ရဲ့Plot ကတော့

ချက်ခ်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ အပျော်စီးသင်္ဘောပျက်ရာကနေ အသွားအပြန်ခြေငါးလှမ်းစာလောက်ရှိတဲ့

ကျွန်းပိစိလေးပေါ်မှာသောင်လာတင်ပါတော့တယ် …

အဲ့မှာ လာဗာ၂ကောင်နဲ့စတွေ့မိတာပဲ ချက်ခ်တစ်ယောက်ဘယ်လိုအဲ့ကျွန်းကလွတ်လာမလဲဆိုတာ ဟာသလေးတွေနှောပြီးကြည့်ရမှာပါ…v

Larva မှာအထူးအခြားပြောစရာရှိတာက သူသုံးထားတဲ့ humour type ပါ slapstick လို့ခေါ်တဲ့အကောင်သေးသေးလေးတွေ

heavy ကြီးတွေလုပ်ပြတာ ….

ဥပမာ Tom and Jerry မှာ Tom တို့Jerry တို့ပစ္စည်းအလေးကြီးတွေမပြသလိုဟာလေးတွေသုံးထားတယ် …

နောက်ပီးသူ့ရဲ့ signature humour ဖြစ်တဲ့ toilet humour ကိုဖောဖောသီသီထည့်ပေးထားလို့ ပါးစပ်တောင်စေ့ချိန်မရပါဘူး …

သို့ဖြစ်စေကာမူ Korea Production တို့ထုံးစံအတိုင်း လူကိုကြည်နူးသလို ငိုချင်သလိုလွမ်းသလိုဖီးကြီးမျိုးရအောင်လုပ်ဦးမှာမို့

ဘဝအမောပြေရုံသာမက message လေးတစ်ခုခုမျှော်ကိုးချင်တဲ့သူတိုင်း ကြည့်သင့်တဲ့ကာတွန်းကောင်းလေးတစ်ခုပါ…

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။