Genre: | Horror |
---|---|
Downloads | 3238K Views |
The Lost Case (2017) အညွှန်း
*********************************
တစ္ဆေသရဲတွေတကယ်ရှိတယ်ဆိုတာကို
ယုံကြည်တဲ့သူတွေလည်းရှိသလို
မယုံကြည်တဲ့သူတွေလည်းရှိကြပါတယ်
ဒါပေမယ့် ကမ္ဘာတစ်ဝန်းမှာတော့
ရှင်းပြလို့မရနိုင်တဲ့
သဘာ၀လွန်ဖြစ်ရပ်များဟာဆက်လက်
ဖြစ်ပေါ်နေဆဲဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး
ဒီဇာတ်ကားလေးကတော့
တစ္ဆေသရဲတွေရဲ့ခြောက်လန့်မှုကြောင့်
ဒုက္ခရောက်နေကြတဲ့
လူတွေကို ကူညီပေးတဲ့
ရသစုံတီဗီရှိုးတစ်ခုကို အခြေခံပြီးအစပျိုးထားပါတယ်
အဲ့ဒီတီဗီရှိုးဟာ ဖြစ်ရပ်မှန်သဘာ၀လွန်ဖြစ်ရပ်တွေကို ရိုက်ကူးတင်ဆက်ပေးတဲ့ အစီအစဥ်တစ်ခုပါ
အစ် နဲ့ ပေါ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အဲ့ဒီအစီအစဥ်ကို တာဝန်ယူရိုက်ကူးရတဲ့ကောင်လေးတွေဖြစ်ပါတယ်
တစ်နေ့မှာတော့ ရှိုးရိုက်ကူးဖို့အတွက်
သူတို့နှစ်ယောက်ဟာ မရင်းနှီးတဲ့သူစိမ်းဒေသတစ်ခုကို ခရီးထွက်လာရပါတော့တယ်
သူတို့ရိုက်ကူးမယ့်အိမ်ကိုရောက်သွားတဲ့အခါမှာတော့ သူတို့ထင်ထားတာထက်
ရှုပ်ထွေးနေတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့လာရပါတယ်
သူတို့ဖြေရှင်းနိုင်ပါ့မလား…….
သူတို့ရိုက်ကူးရတဲ့အမှုကရော ဘယ်လိုအမှုမျိုးဖြစ်နေမလဲ……
စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းအခင်းအကျင်းတွေနဲ့
ကြည့်ရှုသူတွေကိုတစိမ့်စိမ့်နဲ့ကြောက်ရွံနေမိအောင်
ရိုက်ကူးထားတဲ့ Horror ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်