The Most Beautiful Girl in the World (2019)

Genre: Comedy, Music, Romance
Downloads 6K Views

ဒါလေးကတော့ IMDb rating 7.2တောင်ရထားတဲ့

ဂျာမန်ဆက်ကျော်သက် Comedy/Musical Romaceကားလေးပါ။

ဆီရီဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က

သူ့နှာခေါင်းကအရမ်းကြီးနေတာကြောင့် အမြဲစနောက်ခံနေရပြီး

သူ့လိုရုပ်ဆိုးတဲ့သူကိုကြိုက်မယ့်သူမရှိဘူးလို့ပဲမှတ်ယူထားတာပါ။

 

ဒါပေမယ့်သူဟာအများထင်သလို အရူံးသမားတစ်ယောက်မဟုတ်ဘဲ

အမြဲစာတွေဖတ်ပြီး freestyle rap battleတွေကို

မျက်နှာဖုံးစွပ်ပြီးသွားပြိုင်နေတဲ့ချာတိတ်တစ်ယောက်ပါ။

တစ်နေ့သူတို့ကျောင်းလေ့လာရေးခရီးထွက်တဲ့နေ့မှာ

ကောင်မလေးအသစ်တစ်ယောက်ကျောင်းပြောင်းလာပါတယ်။

သူနဲ့အကြိုက်တွေတူတာကြောင့်ဘော်ဒါတွေဖြစ်သွားပေမယ့်

စော်လေးကသူတို့အတန်းထဲက

ရုပ်တော်တော်ချောပေမယ့်အရမ်းတုံးပြီး

စကားမပြောရဲတဲ့ကောင်လေးကိုသွားကြိုက်ပါတယ်။

ဒီကားမှာတော့ဆီရီတစ်ယောက်သူ့ဘေးကစော်အလန်းလေးအဆင်ပြေအောင်

ချောတဲ့ငတုံးကောင်လေးကိုအစအဆုံးလိုက်ကူညီနေရတာတွေ၊

ဂျာမန်rap battleတွေနဲ့ ဟာသလေးတွေကိုရှုစားရမှာပါ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။