Genre: | Action, Horror, Thriller |
---|---|
Downloads | 51631K Views |
The Owners(2020)
ချမ်းသာတဲ့ဆရာဝန်လင်မယား(၂)ယောက်ရှိတယ်….ဒီလင်မယား(၂)ဉီးဟာ အသက်တွေကြီးတဲ့အပြင်
သားမြေးတွေလည်းရှိပုံမရဘူး….ဒီတော့ ငွေလွယ်လွယ်ရချင်တဲ့ လူ(၃)ဉီးဟာ ဒီလင်မယား(၂)ဉီးအကြောင်းကိုသိပြီး
ဓားပြဝင်တိုက်တယ်…..ဓားပြဝင်တိုက်တဲ့သူတွေဟာ
ငွေတွေအလွယ်တကူရလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ အိမ်ကို ဓားပြတိုက်ပြီး နာရီပိုင်းအတွင်းမှာတင် ဒီသက်ကြီးရွယ်ဉီး(၂)ဉီးဟာ
ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိပြီးတော့
သူတို့ထင်သလို မလွယ်ကူတဲ့အပြင် ကိုယ်တိုင်မုဆိုးကနေ သားကောင်အဖြစ်ကိုရောက်သွားတဲ့အချိန်မှာတော့…
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး…
ဒီကားထဲက အဓိကမင်းသမီးလေး Maisie Williams ကိုတော့ Games Of Thrones ထဲမှာ အာယာစတဒ်အဖြစ်နဲ့ Needle ဆိုတဲ့
ဓားလေးကို ကိုင်ပြီး ဖိုက်တာကျခဲ့တာကို အားလုံးသိကြမှာပါ….ဒီအထဲမှာရော
ဘယ်လောက်ဖိုက်တာကျနိုင်မလဲ အားပေးလိုက်ကြပါဉီး….