The Rental

Genre: Horror, Thriller
Download 14760

ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့

ညဘက်မှာ ကျောခြမ်းစရာ Thriller လေးတွေမှ

ကြည့်ချင်တယ်ဆိုတဲ့ လူတွေအတွက်

အကြိုက်ဖြစ်ပါလိမ့်မယ် ။

ခရီးတွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်လေးတွေကို

 

သိကြမယ်မလား ။

အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်လေးအပေါ် အခြေခံထားခဲ့တာပါ ။

ချာလီနဲ့ ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး

သူတို့ရဲ့ ချစ်သူတွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ

ကမ်းခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။

ငှားထားတဲ့ အိမ်ကို ရောက်လာတဲ့အခါမှာတော့

အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး လူမျိုးရေးခွဲခြားတတ်တဲ့

သူတစ်ယောက်လည်း ဖြစ်နေပြန်တာမလို့

မီနာက သဘောမကျခဲ့ပါဘူး ။

ဒီလိုနဲ့ပဲ ညဘက်ရောက်တဲ့အခါမှ သောက်စားမူးယစ်ရင်း

မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး

နောက်တစ်နေ့မှာတော့ သူတို့ရဲ့ ရေချိုးခန်းတွေထဲမှာ

ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါတော့တယ် ။

ဒါတင်မက တခြားရှုပ်ထွေးတဲ့ကိစ္စကပါ

ထပ်ပြီး ထွက်ပေါ်လာတဲ့အချိန်မှာတော့

သူတို့လေးယောက်က ဒါတွေက ဘယ်လိုမျိုး

ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းကြမ်းကြမ်း ၊

အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို

ချစ်သူတွေကြားက ကတောက်ကဆကိုပါ

မြင်သာအောင် ရိုက်ကူးပြထားတဲ့

ရုပ်ရှင်ကားကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။