Genre: | Drama, Thriller |
---|---|
Downloads | 20247K Views |
The Secrets We Keep(2020)
**************************
IMDb Rating …….. 6.5/10
Rotten Tomatoes ……… 63%
(Drama / Thriller)
အချိန်အားဖြင့် ဒုတိယကမ္ဘာစစ်ပြီးကာလ… အမေရိကန်ပြည်ထောင်စုမှာ ခင်ပွန်းဖြစ်သူ ဒေါက်တာ လူး၀စ် နှင့်အတူ ရိုမေးနီးယန်း အမျိုးသမီးဖြစ်တဲ့ မာယာ ဟာ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းလျက်ရှိပါတယ်….
ခင်ပွန်းသည်ရဲ့ဆေးခန်းကိုကူညီပေးလိုက်…
သားငယ်လေးကို ပြုစုလိုက်နဲ့ မာယာဟာ တကယ့်ကို ပြည့်စုံတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ်
ဒီလိုနဲ့တစ်ရက်မှာ မြို့ကိုအသစ်ရောက်လာတဲ့ လူစိမ်းတစ်ယောက်ကို တွေ့ပြီးတဲ့နောက်
တည်ငြိမ်လှတဲ့ မာယာ တစ်ယောက် …..
ချက်ချင်းပဲ ဆောက်တည်ရာမရဖြစ်လာပြီး…
လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်ဆိုးကြီးကို ပြန်မြင်ယောင်သွားကာ…အဲ့ဒီလူစိမ်းကို ပြန်ပေးဆွဲပြီး ဖမ်းဆီးထားလိုက်ပါတော့တယ်….
ဇာတ်လမ်းနာမည်ဖြစ်တဲ့ “The secrets we keep”
ဆိုတဲ့အတိုင်း ဘယ်သူ့ကိုမှပြောမပြတဲ့ မာယာ ရဲ့ လျို့ဝှက်ချက်တွေကဘာဖြစ်မလဲ….လူစိမ်းတစ်ယောက်နဲ့
မာယာတို့မိသားစု ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာ ကိုတော့…ကိုယ်တိုင်ကြည့်ရှူခံစားလိုက်ကြပါဦးခင်ဗျာ…