The Swan Princess: A Royal Wedding

Genre: Animation
Downloads 13516K Views

flower

The Swam Princess: A Royal Wedding (2020)

အခုတစ်ခေါက်ကတော့ Cartoon Fan လေးတွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်လေးပါ။

The Swam Princess ရုပ်ရှင် တွေကို ကြည့်ဖူးတဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။ ဒီကားကတော့ ၂၀၂၀ အတွင်း အသစ်စက်စက် ထွက်ရှိထားတဲ့ Animation လေးပါ။

ဇာတ်လမ်းကတော့ တရုတ်ပြည်မှ စုံတွဲလေးတစ်တွဲအကြောင်းကို အခြေခံထားတာပါ။ မေလီဟာ ခါတေ (ခေါ်) တရုတ်ပြည်မှမင်းသမီးလေးဖြစ်ပြီး သူမချစ်သူကတော့ ချန် လို့ခေါ်တဲ့ သာမန်ပန်းချီဆရာ တစ်ယောက်ပါ။ ဘုရင်ကြီးကတော့ သူတို့ကိုသဘောမတူရှာပါဘူး။

အာ့ကြောင့် ေမှာ်ဆရာမက ချန်ကို ကျိန်စာတိုက်ခဲ့တာကိုပင် မကန့်ကွက်ခဲ့ပါ။ ဒီလိုနဲ့ မေလီဟာ မင်းသမီး အိုဒတ်ရှိရာ တိုင်းပြည်ကို တိတ်တဆိတ်သွားပြီး အကူညီတောင်းခဲ့ပါတယ်။

အိုဒတ်နဲ့ မေလီ့ အမွှာမောင်ဖြစ်သူ လီရဲ့ အကူညီကြောင့် ကျိန်စာပျက်ပယ်သွားပြီး..မေလီတို့နှစ်ယောက် လက်ထပ်ရန် မင်းသမီးလေးအိုဒတ်တို့နဲ့အတူ တရုတ်ပြည်ပြန်လာခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ပြည်မှာ သူတို့တကယ်ပဲ လက်ထပ်နိုင်ပါ့မလား။ ကျိန်စာတိုက်တဲ့ မှော်ဆရာမရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာလဲ။ အိုဒတ် နှင့်မေလီတို့ကော ဘယ်လို ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ကိုယ်တိုင်သာ ကြည့်ရှုလို်က်ပါတော့နော်။

”The Swam Princess ” animation ကို ၁၉၉၄ ခုနစ်တည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ယခုချိန်ထိလည်း အောင်မြင်နေတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် ကြည့်ရှုမယ်ဆိုရင် တကယ့်ကို အကြိုက်တွေ့စေမှာ အသေချာပါပဲ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။