• action
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img

The Upside (2017)


ကြည့်ရှုလိုပါက နှိပ်ပါ

မတော်တဆမှုတစ်ခုကြောင့် ကိုယ်ရောလက်ပါ

အကြောသေခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး နဲ့

မိသားစုဘဝကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ ထောင်ထွက်တစ်ဦးရဲ့ကြားက

သံယောဇဉ်ကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။

တကယ့်အပြင်မှာလည်း ရှိခဲ့တဲ့သူတွေရဲ့အကြောင်းပါ။

 

သူတို့နှစ်ယောက်က လုံးဝကို ကွာခြားနေခဲ့တဲ့ လူနှစ်ယောက်ပါ။

တစ်ယောက်က သူဌေး၊ တစ်ယောက်က ထောင်ထွက်။

တစ်ယောက်က လူဖြူ၊ တစ်ယောက်က လူမည်း။

တစ်ယောက်က ပညာရှင်၊ တစ်ယောက်က ပညာမဲ့။

ဒီလို ကွာခြားမှုတွေ များလွန်းလှတဲ့ လူနှစ်ယောက်ကြားက

သံယောဇဉ်ကို ဇာတ်လမ်းဆုံးတဲ့အထိ မျောပါသွားအောင် ရိုက်ပြထားတာပါ။

မင်းသမီးချော Nicole Kidman ကလည်း ဒီလူနှစ်ယောက်ရဲ့

သံယောဇဉ်ကို အဓိက ပံ့ပိုးသူအနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။

မေတ္တာတရားဆိုတာ အသားအရောင်၊ အဆင့်အတန်း၊ ပညာတတ်ခြင်း

မတတ်ခြင်း ဆိုတာတွေအပေါ်မှာ မူတည်မနေဘူး ဆိုတာကို

ဒီဇာတ်လမ်းက သက်သေပြသွားပါလိမ့်မယ်။

မူရင်းကတော့ ၂၀၁၁ ခုနှစ်က ပြင်သစ်ရုပ်ရှင် The Untouchables ပါ။

The Untouchables တုန်းကလည်း အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။

Remake အနေနဲ့ ပြန်ရိုက်ခဲ့ပြီးတော့ သရုပ်ဆောင်တွေကတော့

နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Bryan Cranston၊ Kevin Hart နဲ့

Nicole Kidman တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

သူတို့ ၃ ယောက်ရဲ့အတွဲညီညီ သရုပ်ဆောင်ထားမှုတွေက

ပရိသတ်ကို ဇာတ်အဆုံးထိ ပါအောင် ဆွဲခေါ်သွားမှာပါ။

IMDb Rating ကတော့ 6.5/10 ရရှိထားပြီးတော့ Rotten Tomatoes

ကတော့ 84% ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

ကြည့်ရှုလိုပါက နှိပ်ပါ