The Wild Goose Lake (2019)

Genre: Crime, Drama
Downloads 4K Views

The Wild Goose Lake (2019)

=====================

IMDb Rating – 6.8/10

#Unicode

2014ဘာလင်ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့
Golden Bear Awardကို Diao Yinanရဲ့
Balck Cold, Thin Iceကားကရသွားခဲ့တယ်။
BCTIမတိုင်ခင်မှာ သူစိတ်ကူးရထားတဲ့
BCTIနဲ့ခပ်ဆင်ဆင် ဇာတ်လမ်းတစ်ပုဒ်
သူ့မှာရှိတယ်။ ဒီဇာတ်လမ်းကို သူဇာတ်ညွှန်း
အခါခါရေးကြည့်ပေးမယ့် မပြည့်စုံသေးဘူးလို့
ခံစားရတဲ့အတွက် သူမရိုက်ဖြစ်ခဲ့ဘူး။
ဒီနောက်မှာတော့ သူစိတ်ကူးထားတဲ့
ဇာတ်လမ်းဟာ အပြင်လောကမှာ
အမှန်တကယ်ဖြစ်သွားခဲ့တာသူသိလိုက်ရတယ်။
ဒီသတင်းကိုဖတ်ပြီး သူ့ဇာတ်ညွှန်းရဲ့ Plot Lineကို
ပြင်ရေးခဲ့ပေမယ့်လည်း စိတ်တိုင်းမကျခဲ့တဲ့အတွက်
၂၀၁၉အထိရောက်လာခဲ့တာပါပဲ။။ဖန်တီးသူဟာ
သူ့အနုပညာကို အတော် တန်ဖိုးထားခဲ့တာပါ။ရုပ်ရှင်ရဲ့နာမည်ဟာ အင်္ဂလိပ်မူအရ
ငန်းရိုင်းကန်ပေမယ့် တရုတ်မူမှာတော့
“တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်း”လို့
မူကွဲပါတယ်။ဒုတိယမူဟာ စာရေးသူဒါရိုက်တာ
ပေးထားတဲ့အမည်ပါပဲ။ဒါနဲ့ပက်သက်ပြီး
အင်တာဗျူးမှာ ဒီအမည်နဲ့ပက်သက်ပြီး
သူဖြေသွားတာ အတော်လှပါတယ်။

“တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်းဆိုတာ
ကျွန်တော်ဒီဇာတ်ညွှန်းစရေးတော့ ပထမဆုံး
ရေးလိုက်တဲ့စကားစုပါပဲ။တောင်ပိုင်းက
အတော်ရိုမန့်တစ်ဆန်ပြီး အပူပိုင်းဆန်တဲ့
ဒေသပါပဲ။ဘူတာရုံဆိုတာက လူတွေ
ဆုံဆည်းကြ ကွဲကွာကြတဲ့နေရာပဲလေ။
တစ်ချို့လူတွေ ထာ၀ရအပြီးအပိုင်ခွဲခွာ
သွားကြတဲ့နေရာဆိုလည်းဟုတ်တယ်။
ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့
မှတ်ညဏ်တစ်ခုပါပဲ။ ကြီးပျင်းလာတဲ့
တစ်လျှောက်က ကျွန်တော်တို့ မှတ်ညဏ်တွေနဲ့
ဘူတာရုံနဲ့ကို ပိုင်းခြားပစ်လို့မရနိုင်ဘူး။
ကျွန်တော်ခုလေးတင်ပြောခဲ့သလိုပဲ
ဘူတာရုံဆိုတာက လူတွေ
ဆုံဆည်းကြ ကွဲကွာကြတဲ့နေရာ
ဇာတ်လမ်းတွေ ဖြစ်ပျက်ကြတဲ့နေရာလို့ပဲ
ခံစားရရုံပါပဲ။ဒါကြောင့်
“တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်း”
ဆိုတဲ့ နာမည်ကလေးထဲမှာ
သူမတူတဲ့ရသတစ်မျိုးရှိနေတယ်လို့
ကျွန်တော်ထင်တယ်။”တဲ့။

သရုပ်ဆောင်တွေဘက်လှည့်ရရင် ACTRESS
ကတော့ BCTIမှာကတည်းက သူနဲ့လက်တွဲခဲ့သူ
ဆိုတော့ ဘာမှအထူးတလည်ပြောစရာမရှိပေမယ့်
Lead Actor မြန်မာပရိတ်သတ်နဲ့ ရင်းနှီးပြီးသား
မက်မွန်မြေကချစ်တေးတစ်ပုဒ်နဲ့
Chinese Paladin အတွဲတွေထဲက Hu Geပါ။
ထူးတာက သူက ဒီ့အရင် သာမန်လျှံကာ
ရုပ်ရှင်နည်းနည်းနဲ့ ဇာတ်လမ်းတွဲတွေပဲရိုက်ဖူးတဲ့လူပါပဲ။
Yinanကတော့ Hu Geကို စာရွက်လွတ်တစ်ရွက်
လို့ပဲတင်စားသွားပါတယ်။ ဘာမှမရေးရသေးတဲ့
စာရွက်လွတ်တစ်ရွက်ဟာ ဘာမဆိုဖြစ်နိုင်ပါတယ်။
Hu Geဟာ နောက်နှစ်ပြမယ့် ဝေါင်ကာဝေးရဲ့
Blossomsမှာလည်း Lead Actorနေရာယူထားတာမို့
Art Houseလာကထဲ ခြေချလာပြီလို့ပဲဆိုရပါမယ်။
Legend of the condor Heroကလွဲ ဇာတ်လမ်း
ကောင်းကောင်း မရိုက်ခဲ့ဖူးပေမယ့်
အတော်လည်းသရုပ်ဆောင်ကောင်းတဲ့လူပါပဲ။
ဇာတ်လမ်းတွဲတွေမှာ သူနဲ့ရင်းနှီးပြီးသားလူတောင်
ကားဆုံးခါနီးမှ မှတ်မိတယ်။

Night is another filter for cameraလို့
ဒါရိုက်တာကြီးကပြောတယ်။တစ်ကားလုံးရဲ့
ကိုးဆယ်ရာခိုင်နှုန်းကလည်း
ညဘက်မှာဖြစ်ပျက်နေတာပါပဲ။
ညပြကွက်တွေဟာ ခင်ဗျားကို ဘ၀တစ်ခုထဲ
အလည်ခေါ်သွားပါလိမ့်မယ်။ ရေဟာ ရမ္မက်ကို
ကိုယ်စားပြုပြီး ညဟာ သေခြင်းကို ကိုယ်စားပြု
ဖော်ကျူးထားတဲ့အတွက် ရိုက်ကွက်တိုင်းနီးပါးမှာ
ဒီနှစ်ခုကို တွဲဖက်မြင်ရမှာပါပဲ။Cinematograpyနဲ့
ပက်သက်ပြီး ကျွန်တော်တော့ ချီးကျူးစရာ
ဘာမှသိပ်မတွေ့ပေမယ့် ပြကွက်တစ်ကန့်တိုင်းက
ပါ၀င်ပစ္စည်းတွေက ကဗျာဖွဲ့ပြီး
သီးခြားစီရပ်တည်ပြနိုင်တဲ့ ဟန်ကတော့
ခံစားစရာပုံစံအသစ်တစ်ခုကိုပေးစွမ်းပါလိမ့်မယ်။

ညကာလတစ်ခုရဲ့ ဘူတာရုံတစ်ပေါ်
မိုးတွေတဖွဲဖွဲရွာကျနေတာနဲ့ ဇာတ်လမ်းကို
စဖွင့်ထားတယ်။လူတစ်ယောက်ဟာ
တစ်စုံတစ်ရာကိုစောင့်စားနေတယ်။
ဘာလဲတော့ ဒီမှာ ခင်ဗျားတို့မသိရသေးဘူး။
ဒီအချိန်မှာ စီးကရက်ကိုင်ထားတဲ့
မိန်းကလေးတစ်ယောက်ရောက်လာပြီး
မီးခြစ်ငှားတယ်။ခဏနေတော့
မိန်းကလေးဟာ သူလာရှာတဲ့သူဟုတ်မဟုတ်
အတည်ပြုပြီး အဲ့ဒီလူစောင့်နေတဲ့ သူ့မိန်းမက
ရောက်မလာနိုင်ကြောင်းပြောလိုက်တယ်။
သူ့မိန်းမကို သူဘာကြောင့်စောင့်နေလဲ
ဒီမှာ ခင်ဗျားတို့မသိရသေးဘူး။
ခဏနေကြတော့ အဲ့ဒီလူက သူဖြစ်ခဲ့တဲ့
ဇာတ်ကြောင်းကုန်စင်ကိုပြောပြဖို့
အကြောင်းဖန်လာတယ်။
သူပြောပြတဲ့ဇာတ်လမ်းပြီးသွားချိန်မှာလည်း
ခင်ဗျားတို့မသိရသေးတာတွေကိုထပ်ပေးတယ်။
ဇာတ်လမ်းဟာ အစပိုင်းတစ်၀က်ဟာ
ဇာတ်ကြောင်းပြောပြီးခေါ်သွားတယ်။
မေးခွန်းပေးလိုက် အဖြေပေးလိုက်နဲ့
တရွေ့ရွေ့ ခရီးဆုံးဆီဆွဲခေါ်သွားတယ်။
တစ်ထောင့်တစ်ညပုံပြင်တွေရဲ့ ဇာတ်ကြောင်းပြောပြတဲ့
ဟန်ကိုလည်း သုံးပြီး ညှိ့ငင်ထားတယ်။

တစ်ခုရှိတာက အနုပညာမှာတောင်
အလုံးစုံပြည့်စုံတယ်ဆိုတာမရှိဘူး။ဆိုတော့ကာ
ဒီရုပ်ရှင်မှာ မဆိုသလောက်အားနည်းချက်လေးတွေတော့
ရှိနေတယ်။ ဒါပေမယ့် ကျွန်တော့်ဘက်က
အာမခံလို့ရတာက ဒီထက်ကောင်းတဲ့ကားမျာပေါ်လို့
ဒီနှစ်ရဲ့အကောင်းဆုံတရုတ် ရုပ်ရှင်မဟုတ်ခဲ့ရင်တောင်
ဒီနှစ်ရဲ့ အနုပညာအဆန်ဆုံး တရုတ်ရုပ်ရှင်ဆိုတာတော့
သေချာတယ်။ အာရှရုပ်ရှင်ပွဲတော်မှာ
ရုပ်ရှင်ဓာတ်ပုံပညာဆုရထားပြီး
ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့
Palme d’Orမှာ ယဉ်ပြိုင်ဖို့အရွေးခံထားရတဲ့
အာရှကားနှစ်ကားထဲက တစ်ကားလည်းဟုတ်တယ်။
ဆုရသွားတာကတော့ သူနဲ့အတူ ကိန်းရောက်လာတဲ့
အာရှသား တောင်ကိုရီးယားရုပ်ရှင် Parasiteပါပဲ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။