Thunderball (1965)

Genre: Action, Adventure, Thriller
Downloads 4628K Views

စုံထောက်ဇာတ်ကား ကြိုက်နှစ်သက်သူတွေ လက်လွတ်မခံဘဲကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကျော် လျှို့ဝှက်အေးဂျင့်တစ်ဦးဖြစ်သလို တစ်ခေတ်တစ်ခါတုန်းက လူကြိုက်များနာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး ဂျိမ်းစ်ဘွန်းရဲ့ ဇာတ်ကားတွေကို မကြည့်ဖူးတဲ့သူ မရှိဘူးနော်။ ဒီဇာတ်ကားလေးကတော့ ဂျိမ်းစ်ဘွန်းရဲ့ လေးကားမြောက်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်ကောင်းမှု ဇာတ်လမ်းဇာတ်ကွက် အချိတ်အဆက်မိမှု အတိုက်အခိုက်ကျွမ်းကျင်မှုတွေကတော့ အထူးပြောစရာလိုမယ်မထင်​လောက်ပါဘူး။ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဟာ လေ့ကျင့်ရေးဆင်းနေရင်း ​နေတိုးလေတပ်စခန်းကနေ အဏုမြူဗုံးနှစ်လုံး တင်ဆောင်ထားတဲ့လေယာဉ်ကို ခိုးယူခဲ့ပါတယ်။ ပြီးတော့ အစိုးရနဲ့အပေးအယူလုပ်ဖို့ တောင်းဆိုခဲ့တယ်။ အထူးစုံစမ်းရေးတပ်ဖွဲ့က ဒီစစ်ဆင်ရေးကိုကိုင်တွယ်ဖြေရှင်းဖို့ ဂျိမ်းစ်ကိုတာဝန်ပေးလိုက်ပါတယ်။ အဏုမြူဗုံးတွေကို ပြန်လည်ရယူဖို့ကြိုးစားတဲ့နေရာမှာ ဘယ်လိုအခက်အခဲအတားအဆီးတွေနဲ့ ဂျိမ်းစ်ရင်ဆိုင်ရမလဲ။ ခိုးယူသူကလည်း အေးဂျင့်တစ်ယောက်ဆိုတော့ ဒီစစ်ဆင်ရေးဟာအောင်မြင်နိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှူလိုက်ကြရအောင် ပရိသတ်ကြီးရေ….
Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။