-->

Tidal Wave (2009)

Genre: Action, Drama, Thriller
Download 12964

တစ်ချို့သော သူတွေကြိုက်တဲ့ရုပ်ရှင်အမျိုးအစားဟာ အနည်းငယ်ထူးဆန်းတယ်လို့ပြောရမလားပဲ…ကမ္ဘာကြီးပျက်တာ…ကပ်ဆိုးတွေအမျိုးမျိုးနဲ့ဒုက္ခရောက်တဲ့ ရုပ်ရှင်တွေဆို အရမ်းသဘောကျစွာ တစ်ကူးတကကိုရှာဖွေကြည့်လေ့ရှိကြတယ်….ဒီကိုရီးယားရုပ်ရှင်ဟာလည်း ကပ်ဆိုးတစ်ခုအကြောင်းကို နာမည်ကြီးသရုပ်ဆောင်များစွာနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေပညာပေးရင်း ဟာသလေးတွေနှောကာ မပျင်းမရိရအောင် ခပ်မိုက်မိုက်ရိုက်ကူးထားတာပါ….ဟယ်အွန်းဒယ်လို့ခေါ်တဲ့ ကမ်းခြေတစ်မြို့လေးတစ်ခုရှိတယ်… သိပ်လှတဲ့ အဲ့ဒီဟယ်အွန်းဒယ်ဆိုတဲ့မြို့လေးကို နှစ်စဥ်လူတစ်သန်းနီးပါး လာရောက်လည်ပတ်လေ့ရှိပါတယ် …. ကမ်းခြေမှာနေထိုင်ကြတဲ့ လူတွေရဲ့ဘဝရှင်သန်ရေးပုံစမျိုးစုံနဲ့လှုပ်ရှားနေရင်း မြို့လေးဟာလေး ကပိုကယိုလှပနေလေရဲ့…ဒီမြို့မှာရှိတဲ့ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်တဲ့ ပါမောက္ခဂင်ဟာ ထူးဆန်းတဲ့ကပ်တစ်ခုကျရောက်နိုင်တာကို သွားတွေ့မိတယ်…အဲ့ဒါက ကိုရီးယားနိုင်ငံမှာ ပထမဆုံးဆူနာမီငလျင်လှုပ်ခတ်နိုင်တယ်ဆိုတာပါပဲ…ဒါပေမယ့် ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူ…း ပုံမှန်နေ့ရက်တွေလိုပဲ မြို့သူမြို့သားခရီးသွားတွေဟာ ပေါ့လျော့စွာ ဆက်လက်ကုန်ဆုံးခဲ့ကြပါတယ်…ပါမောက္ခဂင်ဟာ ငလျင်နဲ့ပက်သက်ပြီ အထက်ကအဖွဲ့အစည်းကိုနည်းမျိုးစုံတင်ပြခဲ့ပေမယ့်လည်းအားလုံးက လျစ်လျှူရှုခဲ့ကြတယ်….အဲ့ဒီလို လျစ်လျှူရှုခြင်းပြီးတဲ့နောက်မှာတော့….ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်လိုက်ပါ…
Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။