Under the Riccione Sun

Genre: Comedy, Romance
Download 10922

Under the Riccione Sun (2020)
******************************

ဒီတခါတင်ဆက်ပေးမယ့်ကားလေးကတော့ လူငယ်တို့ရဲ့အချစ်ရေးအချစ်ရာကိစ္စလေးတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ တင်ဆက်ထားတဲ့ comedy, drama romanceတို့ ပေါင်းစည်းတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ 

ဒီကားလေးမှာတော့ Riccioneဆိုတဲ့ အီတလီက ကမ်းခြေတခုဟာ နွေရာသီဆို လူသွားလူလာများပြီး ဆယ်ကျော်သက်တို့ရဲ့ အပန်းဖြေရာ နေရာလေးတစ်ခုဖြစ်ပါတယ်။ ထိုကမ်းခြေသို့ အဆိုတော်အဖြစ်အောင်မြင်ကျော်ကြားချင်တဲ့ ကောင်လေးတစ်ယောက်၊ ၅နှစ်လောက်crushနေခဲ့ရတဲ့ ကောင်မလေးကို ဖွင့်မပြောရဲဖြစ်နေတဲ့ကောင်လေးတစ်ယောက်၊ နောက်ပြီး မွေးကတည်းက မျက်မမြင်အဖြစ်မွေးဖွားလာပြီး အချစ်ကို လုံးဝမထိတွေ့ဖူးသေးတဲ့ကောင်လေးတယောက် စတဲ့ ဆယ်ကျော်သက်လေးများ ဒီကမ်းခြေတခုထဲကို စုစည်းရောက်လာတဲ့အခါ… ထိုကောင်လေးတို့ရဲ့ ဖူးစာရှင်တွေကလည်း ဒီကမ်းခြေကိုရောက်လာသောအခါ… တယောက်နဲ့တစ်ယောက်အပြန်အလှန်ကူညီကြရင်း လှပတဲ့အချစ်လေးတွေ တည်ဆောက်ကြပုံကို ရသမျိုးစုံနဲ့တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတကား ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ချစ်ခြင်းအပြင် လူရွယ်မျိုုးစုံရဲ့ ချစ်ခြင်းသဘောသဘာဝလေးတွေကိုလည်း ဖော်ပြထားတာဖြစ်လို့ ရီလိုက်မောလိုက် ခံစားလိုက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးလေးနဲ့ လူငယ်လူရွယ်တို့ရဲ့ အချစ်ရသကိုဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးမလို့ ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။