Waterworld water world 1995


ကြည့်ရှုလိုပါက နှိပ်ပါ

ကမ္ဘာ့ဝန်ရိုးစွန်းဒေသ ပိုလာရေခဲပြင်ကြီးအရည်ပျော်သွားခဲ့ပြီးနောက် ကမ္ဘာမြေမျက်နှာပြင်အားလုံးနီးပါးဟာ

ရေအောက်ကိုရောက်သွားခဲ့ပြီး အဲ့ဒီလိုရေကမ္ဘာကြီးမှာ ခြောက်သွေ့ကုန်မြေဆိုတာ နိဗ္ဗာန်ဘုံဒဏ္ဍရီတစ်ခုဖြစ်လာခဲ့ပါတယ်

 

အရာအားလုံးပျောက်ဆုံးကာ အစာရေစာလဲရှားပါးချိန် ခေတ်ဟောင်းကမ္ဘာကြီးရဲ့လက်ကျန်လေးများနဲ့

အသက်ဆက်ရှင်နေရချိန် လှေတစ်စင်းနဲ့ကမ္ဘာပင်လယ်ပြင်ကြီးထဲရွက်လွှင့်စွန့်စားသွားလာကြသူတွေ

ကံကောင်းထောက်မစွာ ရေနံတင်သင်္ဘောကြီးပေါ်ရှာတွေ့ပြီး အရှင်တစ်ခင်တစ်ယောက်လိုအသက်ဆက်ရှင်ကာ

နယ်မြေချဲ့တဲ့ သူတို့ပေါ်လာတိုင်းမီးခိုးတန်းကြီးမြင်ရတဲ့ Smokers ခေါ်သူတွေနဲ့ ကာကွယ်သူမဲ့နေသူတွေကို

ကျွန်ပြုခိုင်းစေကြတဲ့ Slavers တွေဆိုပြီးရှိကြတယ်။

သူတို့အားလုံးရဲ့ရည်းမှန်းချက်က ခြောက်သွေ့မြေကိုရှာတွေ့ဖို့ပါပဲ။ အဲ့ဒီခြောက်သွေ့မြေကိုသွားရာလမ်းညွှန်းမြေပုံကို

ကလေးတစ်ယောက်ရဲ့နောက်ကျောမှာရေးဆွဲထားတဲ့သီတင်းကနေစလို့ အဲ့ဒီကလေးဆီကခြောက်သွေ့ကုန်းမြေဆီသွားရာမြေပုံကို

ရယူဖို့ကြိုးစားကြရင်း ဘာမထီသွေးအေးသန္ဓေပြောင်းလူသားကြီးနဲ့ရင်ဆိုင်ကြရတဲ့ စွန့်စားခန်းရုပ်ရှင်ကြီးဖြစ်ပါတယ်။

ဒီဇတ်ကားက သိပ်ညွှန်းစရာတောင်မလိုပါဘူး အားလုံးကြည့်ဖူးပြီးသား အားလုံးနဲ့လဲရင်းနီးပြီးသားဖြစ်မှာပါ။

စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့

ငါးကြေးခွံတွေကိုအင်္ကျီချုပ်ဝတ်ကြရင်း ရေကမ္ဘာမှာပွဲကြမ်းကြတဲ့ဇတ်ကားဆိုတာလူတိုင်းမှတ်မိပြီးသားပါ။

1995 ကဇတ်ကားဖြစ်ပေမဲ့ ကွန်ပျုတာအထူးပြုလုပ်ချက်တွေလဲ

အဆင်မမြင့်ဘဲရိုက်ကူးထားပုံက အခုချိန်ပြန်ကြည့်တာတောင်မရိုးနိုင်စရာပါပဲ

ကြည့်ရှုလိုပါက နှိပ်ပါ