ပရိသတ်ကြီးကို အင်ဒိုနီးရှားromcom
ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်
အန်ဒိုမာ၊ တွမ်မီ၊ ချန်ဒရာနဲ့ ဂျိုး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ
escape roomဆိုတဲ့ လွတ်မြောက်ခန်းတစ်ခုထဲမှာ ကြိုးတုပ်လျက်သားနိုးလာပါတယ်
တကယ်တော့ အဲ့ဒီလွတ်မြောက်ခန်းက
သူတို့တက်နေတဲ့ အချစ်နွံမနစ်နည်းသင်တန်းတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုပါ
သူငယ်ချင်းလေးယောက်မှာ ချန်ဒရာတစ်ယောက်ကလွဲပြီး
အားလုံးမှာကောင်မလေးကိုယ်စီရှိကြပါတယ်
ကောင်မလေးတွေကလည်း အကျင့်ကတစ်ယောက်တစ်မျိုးစီ…
တချို့က ကောင်လေးအပေါ်အရမ်းနိုင်တယ်…
တချို့ကျတော့လည်း ကောင်လေးအပေါ်အရမ်းသည်းခံတယ်
ကောင်မလေးကကိုယ့်အပေါ်နိုင်ပါများလာတော့ရော
ရေရှည်ဆက်ပြီးသည်းခံနိုင်မလား
ကိုယ့်အပေါ်ကောင်းတဲ့ကောင်မလေးနဲ့ရော
ရာသက်ပန်ရွှေလက်တွဲခိုင်မြဲနိုင်မလား
ဒီအချစ်နွံမနစ်နည်းသင်တန်းက သူငယ်ချင်းလေးယောက်ရဲ့ဘဝတွေကို
ဘယ်လိုသက်ရောက်လာမှာလဲဆိုတာတွေကို
ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုကြရမှာပါ
RSတွေကြားထဲမှာ FAကြီးတစ်ယောက်ကန့်လန့်ကန့်လန့်နဲ့
တကယ်လည်းရယ်ရသလို ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်
Romcomဆိုပေမဲ့လို့ အဆုံးသတ်မှာ thriller နည်းနည်းဆန်ဆန်လေးနဲ့
ဇာတ်သိမ်းထားတာမို့လို့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ
ကြည့်ရှုလိုပါက နှိပ်ပါ