Wild 2014

Genre: Biography, Drama
Download 13118


2014 ကတည်းကထွက်ခဲ့တဲ့ Wild ဆိုတဲ့ဇာတ်ကားလေးဟာ American Biographical Adventure Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၂၀၁၂တုန်းက Cheryl Strayed ရေးသားခဲ့တဲ့ Wild: From Lost to Found on the Pacific Crest Trail(PCT) ဆိုတဲ့ ကိုယ်တိုင်ဖြစ်ရပ်မှန်ကိုရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ Cheryl နဲ့ Bobbi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Reese Witherspoon နဲ့ Laura Dern တို့ နှစ်ယောက်လုံးဟာလည်း အော်စကာဆုအတွက် Best Actress နဲ့ Best Supporting Actress အဖြစ်စကာတင်အရွေးခံခဲ့ရပြီး အခြားသောဆုတွေမှာလည်း စကာတင်အရွေးခံရတာတွေရှိခဲ့ပါတယ်။ Rating တွေအနေနဲ့လည်း Rotten Tomatos မှာ 89%….IMDb rating 7.1/10 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာအချစ်ရဆုံးအတွယ်တာရဆုံး မိခင်ဖြစ်သူသေဆုံးသွားပြီးနောက် ပူဆွေးသောကတွေရောက်ပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်မသိမ်းနိုင်အောင်ပျက်ဆီးသွားပြီ ကိုယ့်အိမ်ထောင်ရေးကိုပါဖျက်ဆီးမိခဲ့တဲ့ Cheryl Strayed ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ…. ကိုယ်လမ်းမှားရောက်နေတာကိုသတိထားမိပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ထူထောင်ဖို့နဲ့ စိတ်ဓာတ်တွေပြန်စုစည်းဖို့အတွက်ဆိုပြီး အမေရိကန်နိုင်ငံမှာအရှည်လျားဆုံးခရီးကြမ်းရှည် မိုင်ပေါင်း၂၆၅၀အထိရှိတဲ့လမ်းကြမ်းကို လမ်းလျှောက်ခရီးနှင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အရင်က ဘာ Hiking အတွေ့အကြုံမှလည်းမရှိတဲ့ Cheryl တစ်ယောက်… ဆန္ဒတစ်ခုတည်းနဲ့ကျောမှာပစ္စည်းအိတ်အလေးကြီးသယ်ပြီး တကိုယ်တော်စွန့်စားခန်းဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ ခရီးလမ်းတစ်လျှောက်တွေ့ကြုံရတာတွေ တစ်ယောက်တည်းသွားလာရင်း စဉ်းစားမိတာတွေ.. တေတွးမိတာတွေနောက်မှာ…ခရီးလည်းဆုံးရော သူ့အတွက်အရာရာပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ True story-based ဇာတ်ကားကောင်းလည်းဖြစ်တာနဲ့ အညီ ကိုယ်တိုင်ဝင်ရောက်ခံစားမိစေမှာပါ။

Credit -> Channel Myanmar

logo
Channel Mandalay APK ကို downloadရန်နှိပ် ပါ။