Genre: | Country, Horror, Romance |
---|---|
Downloads | 6288K Views |
Woman of the Photographs (2020)
=========================
သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်တဲ့ ကိုင်ဟာ ဓါတ်ပုံဆရာတစ်ဦးဖြစ်ပါတယ်
သူဟာအင်းဆက်တွေ အကောင်ပလောင်တွေကိုလူတွေထက်ပိုပြီး စိတ်ဝင်တစားရိုက်ကူးချင်တဲ့သူမျိုးဖြစ်ပါတယ်သူ့အဖေထားခဲ့တဲ့စတူဒီယိုတခုအမွေရထားလေတော့ သူတတ်တဲ့ပညာလေးနဲ့ဓါတ်ပုံရိုက်
retouchလုပ်ရင်းအသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပါတယ် မိတ်ဆွေတစ်ဦးထဲရှိပြီး
အဲ့ဒီမိတ်ဆွေကပဲသူ့ရဲ့အခိုင်အမာဖောက်သည်တစ်ဦးပါ ခုချိန်ထိရည်းစားထားဖို့မပြောနဲ့
မိန်းကလေးတွေကိုဆိုရင်တောင်ရှောင်ဖို့စဥ်းစားနေတဲ့သူကတနေ့တော့ တောထဲမှာအင်းဆက်လေးတွေကို
ဓါတ်ပုံရိုက်နေရင်း စိတ်ဝင်စားစရာမိန်းကလေးတစ်ဦးကိုတွေ့ရှိခဲ့ပါတော့တယ် မိန်းကလေးတို့ရဲ့သဘာဝ
ဓါတ်ပုံလှလှလေးတွေရိုက်ပြီး အင်တာနက်ပေါ်တင်ကာ like ,follower တွေကို ဘဝမှတ်နေသူလေးပါ
သူချစ်တဲ့မိန်းကလေးကိုဆန္ဒတွေပြည့်ဝစေဖို့သူတတ်တဲ့ပညာနဲ့ဓါတ်ပုံတွေရိုက်ပေး retouchလုပ်ပေးရင်းက
ဘယ်လိုတွေဘဝသင်ခန်းစာရကြမလဲဆိုတာစောင့်ကြည့်ရမှာပါ သင်တို့ပါတ်ဝန်းကျင်မှာ like ,follower ကို
ဘဝမှတ်နေတဲ့သူတွေရှိရင် လက်တို့ပြီးအတူကြည့်လိုက်ကြပါဦး