Yesterday Once More (2016)

Genre: Drama, Romance
Downloads 7894K Views

flower

Yesterday once more (2016)

IMDb rating- 6.7/10

“Our Times”တို့ “You are the apple of my eyes”တို့လိုကျောင်းသားကားတွေရဲ့ Vibeကိုကြိုက်တတ်တဲ့သူတွေဆိုရင် ဒီကားကိုလည်းကြိုက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။
Box office မှာ ယွမ်26.3millions ရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

*လင်ထျန်းကျောင်း*ဆိုတဲ့ကောင်မလေးကစာအရမ်းတော်တဲ့အတန်းခေါင်းဆောင်ကောင်မလေးပါ။
ရှင်းဟွာတက္ကသိုလ်ရဲ့ဘဏ္ဍာရေးမေဂျာမှာတက်ခွင့်ရဖို့ကြိုးစားနေပြီး နက္ခတ္တဗေဒပညာရှင်ဖြစ်ချင်တဲ့သူ့အိပ်မက်ကိုမေ့ထားခဲ့သူပါ။

 

အမှတ်ရချင်ဇောနဲ့စာမေးပွဲတစ်ခုမှာခိုးချမိရင်း
ကျောင်းပြောင်းကျောင်းသား *ကောင်းရှန်*နဲ့ချစ်သူတွေအဖြစ်အထင်လွဲခံရပါတယ်။
*ထျန်းကျောင်း*က*ကောင်းရှန်*ကိုအိပ်မက်မရှိတဲ့လူညံ့လို့သတ်မှတ်ပြီးအထင်သေးခဲ့ပါတယ်။
တကယ်တော့သူအထင်သေးတဲ့*ကောင်းရှန်*ဆိုတာ သူ့အိပ်မက်ကိုတကယ်ဖြစ်လာအောင်လုပ်ရဲပြီး စိတ်ထားမှန်ကန်တဲ့ကောင်လေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။
ဒီလိုနဲ့*ထျန်းကျောင်း*လည်း လူငယ်ဘဝကိုကောင်းကောင်းနားလည်လာပြီး အိပ်မက်အစစ်အမှန်ကဘာလဲဆိုတာသိလာခဲ့ပါတယ်။

စာကလွဲပြီးဘာမှမစွန့်စားရဲတဲ့”ထျန်းကျောင်း”တစ်ယောက် “ကောင်းရှန်”ရဲ့အားပေးမှုတွေနဲ့ သူလုပ်ချင်တဲ့အရာတွေကိုလုပ်ရဲလာခဲ့ပါတယ်။
သူရချင်တဲ့အတော်ဆုံးကျောင်းသူဆုကိုလက်ခံရတော့မဲ့အချိန်မှာ “ကောင်းရှန်”တစ်ယောက်တခြားမြို့ကိုသွားဖို့ရထားထွက်ခါနီးအချိန်ဖြစ်နေခဲ့ပါတယ်။
သူတို့တွေဘာကိုရွေးချယ်ခဲ့ကြပါသလဲ…
ကောင်းရှန်နဲ့တွေ့ပြီးနောက်မှာ ဘဝအပေါ်မြင်တဲ့အမြင်တွေပြောင်းလဲသွားတာကရော မှန်ကန်မယ်လို့ထင်ပါသလား…
မိသားစုကိစ္စတွေ သူငယ်ချင်းသံယောဇဉ်တွေနဲ့ သူတို့တွေတစ်ယောက်ချင်းစီရဲ့ဘဝတွေကိုကြည့်ရင်း လူငယ်ဘဝအငွေ့အသက်တွေကိုပြန်ခံစားမိပြီး ငယ်ဘဝကိုပြန်အမှတ်ရလာပါလိမ့်မယ်။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။